အချိန်တစ်လမကြာမီ အသားအရေကြည်လင်တောက်ပလာစေမည့် နည်းလမ်းများ
01-Mar-2017(၁) အရေပြားအထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
အသားအရေ ကြည်လင်ဝင်းပလိုသူတွေ လုပ်သင့်တဲ့ နည်းပါ။ ဒါပေမယ့် လူအများစုက ဒီနည်းလမ်းကို မေ့လျော့နေတတ်ပါသည်။ အရေပြားအထူးကု ဆရာဝန်က သင့်အသားအရေ အပြစ်အနာအဆာတွေကို ပြုပြင်ကုသပေးမှာ ဖြစ်သလို နောက်ထပ်အရေပြားပြဿနာတွေ မဖြစ်စေဖို့နဲ့ အသားအရေကြည်လင်လှပနေစေဖို့ရာအတွက် သင့်တော်တဲ့ အကြံဉာဏ်တွေကို ပေးမှာ ဖြစ်ပါတယ်။ အရေပြားအထူးကု ဆရာဝန်ဆီကို သွားပြတာက သင့်အသားအရေ အလှအပအတွက် လုပ်သင့်တဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။
(၂) အယ်လ်ကိုဟော သုတ်ထားသည့် ဂွမ်းစဖြင့်ဖုန်းကို သန့်စင်ပါ။
ဒီနေ့ခေတ် လူအများစုဟာ ဖုန်းးကို အချိန်အများကြီးပေးပြီး ပြောတတ်ပေမယ့် ဖုန်းကိုတော့ ပုံမှန်သန့်ရှင်းစင်ကြယ်မှု မလုပ်ဖြစ်ကြပါဘူး။ ဒါကြောင့် ညစ်ပတ်နေတဲ့ ဖုန်းနဲ့ပြောတဲ့အခါ မျက်နှာအသားအရေကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဖုန်းကြောင့် အသားအရေ အပြစ်အနာအဆာမဖြစ်လွယ်စေဖို့ အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစနဲ့ ဖုန်းမျက်နှာပြင်ကို မကြာခဏ သန့်စင်ပေးပါ။
(၃) ခေါင်းလျှော်ပြီးမှ မျက်နှာသစ်ပါ
ရေချိုးခေါင်းလျှော်ရင်း မျက်နှာသစ်မယ်ဆိုရင် အရင်ဆုံး ခေါင်းလျှော်လိုက်ပါ။ ပြီးမှမျက်နှာသန့်စင်ဆေး လိမ်းပြီး မျက်နှာသစ်လိ်ုက်ပါ။ ဒီနည်းလမ်းဟာ မျက်နှာအရေပြားပေါ်မှာ ရှမ်ပူနဲ့ ကွန်ဒီရှင်နာ အကြွင်းအကျန်တွေ မကပ်ငြိစေတဲ့ နည်းဖြစ်ပါတယ်။ မျက်နှာအရေပြားပေါ် ရှမ်ပူနဲ့ ကွန်ဒီရှင်နာတွေ ကပ်ငြိနေရင် အသားအရေကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။
(၄) လုပ်နေကျအကျင့်တစ်ခုရှောင်ရှားပါ
မျက်နှာပေါ် လက်ချောင်းနဲ့ လက်တွေတင်ပြီး ပွတ်သပ်တတ်တဲ့ အကျင့်ဆိုးကိုရှောင်ပါ။ သင့်လက်ပေါ်က ဘက်တီးရီးယားပိုးတွေကြောင့်အသားအရေအပြစ်အနာအဆာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် မဆေးကြောရသေးတဲ့ သင့်လက်တွေနဲ့မျက်နှာပေါ် မအုပ်မိပါစေနဲဲ့။
(၅) ဆလီးစလစ်အက်စစ်ပါသော မျက်နှာသန့်စင်ဆေးသုံးပါ
အသားအရေကြည်လင်စေမယ့် မျက်နှာသန့်စင်ဆေးအမျိုးအစားကို ရွေးချယ်အသုံးပြုမယ်ဆိုရင် ဆလီးစလစ်အက်စစ်ပါဝင်တဲ့ သန့်စင်ဆေးကို ရွေးချယ်သုံးစွဲပါ။ ဆလီးစလစ်အက်စစ်က မျက်နှာအရေပြား ဆဲလ်သေတွေကို ကြွေကျစေပြီး ချွေးပေါက်ကျယ်တာကို သိသိသာသာ လျော့ကျစေပါတယ်။
(၆) နူးညံ့သော မျက်နှာသုတ်ပဝါဖြင့် အရေပြားးကို ခြောက်သွေ့အောင် သန့်စင်ပါ
မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို နူးညံ့တဲ့ မျက်နှာသုတ်ပဝါနဲ့ ခြောက်အောင်သုတ်ပေးပါ။ တချို့ မျက်နှာသုတ်ပဝါတွေက ကြမ်းတမ်းပြီး အသားအရေကို သေးငယ်တဲ့ပြတ်ရှထိခိုက်ရာတွေ ဖြစ်စေနိုင်သလို အရေပြားထဲကို ဘက်တီးရီးယားပိုးတွေ ဝင်လွယ်စေပါတယ်။
(၇) အပြစ်အနာအဆာများကို ဖုံးအုပ်ပါ
နေ့ဘက်အတွင်း သင့်မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးအုပ်ထားရင်သင့်ကို အလှမပျက်ကြည့်ကောင်းစေပါတယ်။ သင့်မျက်နှာအပြစ်အနာအဆာတွေကို ဖုံးအုပ်နိုင်တဲ့ မိတ်ကပ်အမျိုးအစားကို စနစ်တကျ ရွေးချယ်တတ်ရင် ဝက်ခြံအဖုအပိမ့်တွေကိုပါ အနာကျက်စေနိုင်ပါတယ်။
(၈) နေ့ဘက်တွင် ရက်တီနော အလှကုန်ကို ထိန်းချုပ်သုံးပါ
နေ့ဘက်မှာ နေရောင်ခြည်ကြောင့် ရက်တီနောအလှကုန်တွေရဲ့ အာနိသင်ပျက်ပြယ်မှု ဖြစ်တတ်တဲ့အတွက် နေ့ဘက်မှာ ထိန်းချုပ်အသုံးပြုပါ။
(၉) သကြားရှောင်ပါ
နေ့စဉ် သင်စားသောက်နေကျ အစာထဲမှာ သကြားကို တတ်နိုင်သမျှ ရှောင်ပါ။ အများစုအနေနဲ့ သကြားကို ရှောင်တဲ့အတွက် မျက်နှာအသားအရေကို ချက်ချင်းကြည်လင်တာကို တွေ့ရတတ်ပါတယ်။
(၁၀) တစ်လတစ်ကြိမ် ကြီးမားသော ဝက်ခြံဖုပေါက်နေလျှင် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်နိုင်
တစ်လတစ်ကြိမ် ကြီးမားတဲ့ ဝက်ခြံဖုက မေးရိုးနေရာတစ်ဝို်က်ပေါက်နေရင် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နို်င်ပါတယ်။ လစဉ်ရာသီလာခါနီးမှာ ဆားကဲတဲ့ အစားအသောက်တွေကို လျှော့စားပါ။ ရေများများသောက်ပြီး အိပ်ရေးဝဝ အိပ်စက်အနားယူပေးပါ။
(၁၁) မျက်နှာလိ်မ်းဆီဖြင့် အစိုဓာတ်ထိ်န်းပါ
မျက်နှာ အသားအရေ စိုပြည်အောင် ထိန်းသိမ်းနေချိ်န်မှာ အဆီ တစ်မျိုးမျိုး (ဥပမာ - သံလွင်ဆီ၊ ဗက်ဆလင်းအလှဆီ ) ကို လိမ်းတာ အကောင်းဆုံးပါ။ ဒါမှသာ ဆီကြည်အပိုတွေ မထွက်ရှိစေဘဲ အသားအရေ စိုပြည်နူးညံ့နေမှာ ဖြစ်ပါတယ်။
(၁၂) မိတ်ကပ်ဘရပ်ရှ်များကို တစ်ပတ်တစ်ကြိမ် ဆေးကြောပါ
မိတ်ကပ်ဘရပ်ရှ်တွေကို ဆေးကြောသန့်စင်ဖို့ မေ့လျော့နေပါသလား။ မိတ်ကပ်ဘရပ်ရှ်တွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးတွေက သင့်မျက်နှာပေါ်မှာ ကပ်ငြိရင်း အဖုအပိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ် မိတ်ကပ်ဘရပ်ရှ်တွေကို သန့်စင်ပေးသင့်ပါတယ်။
(၁၃) မျက်နှာသစ်ပြီးတို်င်း တိုနာလိမ်းပါ
မျက်နှာသစ်ပြီးတဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေ ကင်းစင်မသွားစေဖို့နဲ့ ချွေးပေါက်ကျဉ်းကာ သန့်ရှင်းစင်ကြယ်နေစေဖို့ တိုနာလိမ်းသင့်ပါတယ်။
(၁၄) စိမ်းစိုသော အသီးအနှံများ ထည့်စားပါ
အသားအရေ ကြည်လင်သန့်စင်စေဖို့ရာအတွက် နေ့စဉ်စားသောက်တဲ့ အစာထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို ထည့်စားပေးရပါမယ်။
(၁၅) တစ်ပတ်တစ်ကြိမ် ခေါင်းအုံးစွပ် လျှော်ဖွပ်ပါ
တစ်ပတ်မှာ တစ်ကြိမ်ခန့် ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းကို လျှော်ဖွပ်ပေးပါ။ ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိနေရင် သင့်မျက်နှာအသားအရေကို အပြစ်အနာအဆာ ထင်လွယ်စေနိုင်ပါတယ်။
(၁၆) အရေပြားနီမြန်းမှုကို လျှော့ချပါ
အရေပြား နီမြန်းမှုဖြစ်နေရင် ရေခဲတုံးကပ်တဲ့နည်း ဒါမှမဟုတ် ရေခဲရေဖျန်းတဲ့နည်းနဲ့ အရေပြားနီမြန်းမှုကို လျှော့ချပါ။ နီမြန်းနေတဲ့ ဝက်ခြံအဖုတွေပေါ် ရေခဲကပ်ပေးပါ။
(၁၇) ဆံစပ်တစ်လျှောက် အဖုအပိတ်ပေါက်လျှင် ရှမ်ပူပြောင်းသုံးပါ
ဆံစပ်နဲ့ ဆံပင် ထိတွေ့နေတဲ့ အရေပြားပေါ်မှာ အဖုအပိတ်တွေ ပေါက်နေရင်ခေါင်းလျှော်ရည်နဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နို်င်တဲ့အတွက် တခြားဖော်မြူလာနဲ့ လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။
(၁၈) မျက်နှာအသားအရေကို ကြေးချွတ်ပါ
တစ်လမှာ အနည်းဆုံး တစ်ကြိမ်ခန့် မျက်နှာအသားအရေကို ကြေးချွတ်ပေးပါ။
(၁၉) ချွေးပေါက်များကို သန့်စင်ပါ
ချွေးပေါက်ထဲမှာ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန် အစရှိတဲ့ အညစ်အကြေးတွေပိတ်ဆို့နေနိုင်တာကြောင့် တစ်ပတ်မှာ နှစ်ကြိမ်ခန့် သန့်စင်ဆေးကြော ပေးသင့်ပါတယ်။
(၂၀) ရာသီတို်င်း နေကာခရင်မ်လိမ်းပါ
နွေရာသီမှာတင်မက ဆောင်းတွင်းကာလနဲ့ မိုးရာသီတွေမှာပါ နေကာခရင်မ်ကို လိမ်းသင့်ပါတယ်။ သင့်မျက်နှာအတွက် ဝက်ခြံ အဖုအပိတ်မဖြစ်လွယ်တဲ့ နေကာခရင်မ် အမျိုးအစားကို ရွေးချယ်လိမ်းသင့်ပါတယ်။
(၂၁) အိပ်ရေးဝဝအိပ်စက် အနားယူပါ
ညဘက်မှာ အိပ်ရေးဝဝ အိပ်စက်အနားယူတာကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ရုံသာမက အသားအရေ အပြစ်အနာအဆာတွေကိုလည်း ကင်းစင်သက်သာသွားစေပါတယ်။
(၂၂) တစ်ပတ်တစ်ကြိမ် ပေါင်းတင်ပါ
မျက်နှာအသားအရေ ကြည်လင်လှပစေဖို့ တစ်ပတ်မှာ တစ်ကြိမ်ခန့် မျက်နှာသန့်စင်စေတဲ့ ပေါင်းတင်ကပ်ခွာ ( Skin Clearing Mask ) ကို သုံးပြီး ပေါင်းတင်ပေးသင့်ပါတယ်။
(၂၃) တစ်နေ့တာအတွင်း ရေများများသောက်ပါ
ရေများများသောက်တာကြောင့် တစ်နေ့တာအတွင်း စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို အသားအရေကိုလည်း ကြည်လင်ဝင်းပစေပါတယ်။
(၂၄) မိတ်ကပ်မဖျက်ဘဲ အိပ်ရာမဝင်ရ
မိတ်ကပ်တွေကို သန့်စင်ဆေးကြောမှု မလုပ်ဘဲ အိပ်ရာမဝင်သင့်ပါဘူး။ ဒါကို စည်းမျဉ်းတစ်ရပ်လို လိုက်နာပါ။ အထူးသဖြင့် မျက်နှာကို အနည်းဆုံး စနိုးတာဝါနဲ့ သန့်စင်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။
(၂၅) တစ်ပတ်သုံးကြိ်မ် လေ့ကျင့်ခန်းလုပ်ပါ
တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် လေ့ကျင့်ခန်းလုပ်တာကြောင့် ကိုယ်တွင်းကျန်းမာရေးကို ထိန်းသိ်မ်းပေးနိုင်ရုံသာမက ချွေးထွက်ကာ အသားအရေကိုလည်း ဟန်ချက်ညီညီ လှပကြည့်ကောင်းစေပါတယ်။
(၂၆) သင့်ခန္ဓာကို်ယ်ကိုလည်း မေ့လျော့မထားပါနှင့်
ရေချိုးပြီး အရေပြားကို ခြောက်သွေ့အောင် သုတ်ပြီးချိန်မှာ တစ်ကိုယ်လုံးကို ဘော်ဒီလိုးရှင်း လိမ်းပေးပါ။ ခန္ဓာကိုယ်အသားအရေကို စိုပြည်နူးညံ့ချောမွေ့စေပါတယ်။
(၂၇) အသားအရေ ထိ််န်းသိမ်းမှုကို ဆက်လက်လုပ်ဆောင်ပါ
အထက်က အသားအရေ ထိန်းသိမ်းနည်းတွေကို လုပ်ဆောင်ရင်း အသားအရေက သိသိသာသာ ကြည့်ကောင်းလာတယ်ဆိုရင် သင်လိုချင်တဲ့ အတို်င်းအတာအထိမြင်တွေ့ရစေဖို့ အသားအရေကို ဆက်လက် ထိန်းသိမ်းသွားသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသို်လ် )
အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း - အမှတ် (၂၅၉)၊ ဖေဖော်ဝါရီလ၊ ၂၀၁၄ ခုနှစ်။